MetaVerse ဆိုတာဘာလဲ?
- Eduvest
- Jan 9
- 1 min read
အခုတလော Gen Z နဲ့ Gen Alpha တွေကြားမှာ အပြောများလာကြတဲ့ Metaverse အကြောင်းကို ယခု blog post မှာနားလည်လွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Metaverse ကိုဘာနဲ့ဖွဲ့စည်းထားတာလဲ?
Metaverse ဆိုတာက Meta နဲ့ Universe စကားလုံးနှစ်ခုပေါင်းစပ်ထားတာဖြစ်ပြီး Decentralized နည်းပညာတစ်ခုဖြစ်ပါတယ်။ Computer Generated Environment လို့လည်းသုံးနိုင်ပါတယ်။
Computer Generated Environment ဆိုတာ Computer နဲ့ဆက်စပ်တဲ့ပစ္စည်းတွေနဲ့ကျင်လည်ရတဲ့ပတ်၀န်းကျင်ကိုဆိုလိုတာဖြစ်ပါတယ်။
ဘာလို့ Metaverse က အရေးပါလာတာလဲ?
ဘာဖြစ်လို့ Metaverse ကိုလေ့လာရလည်းဆိုရင်လာမည့်အနာဂတ်မှာ Consumer Behavior ကအများကြီးပြောင်းလဲနိုင်လို့ဖြစ်ပါတယ်။
Consumer Behavior ဆိုတာက ဥပမာအနေနဲ့ Banking Sector နဲ့ယှဉ်ပြီးပြောရမယ်ဆိုရင် Banking စနစ်ကလွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီကတည်းကစတင်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းဆိုရင်ငါးနှစ်တစ်ကြိမ် Banking ရဲ့ Solution တွေကပြောင်းလဲလာတာဖြစ်ပါတယ်။

Banking ကိုသုံးတဲ့ သူတွေကလည်း အတွေ့အကြုံအသစ်တွေကိုဖန်တီးလာကြပါတယ်။
လွန်ခဲ့တဲ့ 15နှစ်၊နှစ် 20 လောက်ကမြန်မာပြည်မှာရှိနေတဲ့သူအတော်များများက Bank ကိုသုံးတဲ့အခါမှာတောရုံတန်ရုံ Bank Account တောင်မဖွင့်ချင်ကြဘူး။
အဲ့လိုနဲ့နောက်ပိုင်းမှာတော့ Banking ကိုအတော်များများသုံးစွဲလာကြတယ်။ အဲ့လို သမားရိုးကျသုံးနေရာကနေ Online Banking တွေပေါ်လာတယ်။ User Experience ကလည်းပြောင်းလဲလာပါတယ်။
နောက်တစ်ခုက Wave-Pay တို့ K-Pay တို့လို Digital Money တွေကိုလည်း Application တွေ၊ Platform ပေါ်ကနေသုံးလာကြပါတယ်။
ဒါကလက်ရှိမြန်မာပြည်မှာသုံးနေကြတဲ့ Experience တွေဖြစ်ပါတယ်။ International မှာသုံးနေတဲ့ Standard တွေကတော့သုံးစွဲတဲ့ User တွေရဲ့ Knowledge ရှိမှု၊နိုင်ငံခြားမှာနေတဲ့အတွက် Systemize ဖြစ်မှု၊ဒါတွေကအသားကျသွားတဲ့အခါကြတော့ နိုင်ငံခြားမှာရှိတဲ့တစ်ချို့နိုင်ငံတော်တော်များများကလည်း ခေတ်မီလာပါတယ်။
သုံးစွဲတဲ့သူတွေရဲ့ Demand လို့ခေါ်တဲ့ထပ်ပြီးတော့သုံးစွဲချင်တဲ့အသစ်အသစ်တွေပေါ်မှာမူတည်ပြီးတော့စီးပွါးရေးလုပ်တဲ့သူတွေကတိုးချဲ့လာကြပါတယ်။ ထိုနည်းတူပဲ နောင်လာမည့်ကမ္ဘာမှာ Consumer Behavior တွေကြောင့် Metaverse ကအလုပ်ဖြစ်လာနိုင်ပါတယ်။

ဥပမာ - Food Delivery Service တွေဆိုရင်အခုနောက်ပိုင်းမှာဆိုရင်တစ်ခုခုစားချင်တယ်ဆိုရင် Application ထဲမှာ Register လုပ်ပြီးမှာယုံပဲဖြစ်ပါတယ်။ ဘယ်မှာပိုတွင်ကျယ်လာလည်းဆိုတော့ Covid-19 မှာပိုပြီးတွင်ကျယ်လာတယ်။
Transportational Business တွေမှာလည်းအရင်တုန်းကလိုလက်သားပြီးစီးစရာမလိုပဲ Application ကနေခေါ်ပြီးစီးလို့ရတယ်။ဉပမာ-Uber,Grab, Bolt တို့။ နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ Metaverse ဆိုတာ Virtual Realityဖြစ်တယ်။ အဓိကကတော့ Virtual Reality ကိုတိုးချဲ့တာ၊ ဖန်တီးတာဖြစ်ပါတယ်။
Comentários