top of page
Search

Cryptocurrency တွေမှာရှိတဲ့ အဓိကဝိသေသတွေကဘာလဲ?

ဒီနေ့ပို့စ်လေးမှာတော့ Crypto Investment ကိုစိတ်ဝင်စားလို့လုပ်ဆောင်ချင်သူတွေအတွက် Cryptocurrency ရဲ့ အဓိက ဝိသေသတွေကို ပြည့်ပြည့်စုံစုံဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 


criteria for cryptocurrencies
criteria for cryptocurrencies

ဝိသေသလို့ပြောပြီဆိုရင် အဓိကသိထားရမယ့် Elements တွေကတော့ - 


  1. Liquidity

  2. Utility

  3. Security

  4. Capital Appreciation တို့ဖြစ်ပါတယ်။ 


အခုစာဖတ်နေသူတွေအနေနဲ့ Cryptocurrency တစ်ခုကိုလေ့လာတော့မယ် ၊ Cryptocurrency တစ်ခုကို၀ယ်တော့မယ် ၊ Invest လုပ်တော့မယ်ဆိုရင် ဒီအချက်၄ချက်က အရေးကြီးပါတယ်။



liquidity
liquidity

နံပါတ် (1) -  Liquidity ဆိုတာ အဓိကဒီCryptocurrency ကဘယ်လောက်ထိငွေကြေးတောင့်တင်းသလဲ? ဘယ်လောက်ထိခိုင်မာလဲ?ဆိုတာဖြစ်ပါတယ်။  တစ်ချို့Cryptocurrency တွေက နောက်ခံ Assets ကို back လုပ်ထားတယ်၊ ဥပမာ USDT လိုမျိုးပေါ့။ 


တစ်ချို့Cryptocurrency တွေကကျတော့ Crypto to Crypto ကို back လုပ်ထားတာရှိတယ်။ ဥပမာ DAI ဆိုရင်လည်း Stable Coin ပဲ၊ သို့သော်လည်း ဒီCryptocurrency တွေကို ပြန်ပြီးတော့ Bitcoin တို့ အီသီရီယန်တို့ကို နောက်ခံထားထားတယ်။ အဲဒါ‌ကြောင့်သူကလည်းပဲ USDT လိုမျိုးပဲမာတယ်။ လူအများစုက DAI ကိုသိပ်မသုံးကြဘူး ၊ USDT ပဲသုံးကြတယ်။



utility
utility

နောက်တစ်ခု Utility ဆိုတာကတော့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အဓိက Cryptocurrency ဆိုတာ ပထမရည်ရွယ်ချက်က Transaction လုပ်ဖို့ဖြစ်ပါတယ်။နောက်ရည်ရွယ်ချက်က Transaction လုပ်ရင်းနဲ့ Cryptocurrency ကိုဘယ်မှာသုံးမလဲဆိုတာကိုတည်ဆောက်တဲ့အခါမှာ Business Plan ဖြစ်လာတယ်။


သုံးစွဲမယ့်သူတွေအနေနဲ့ ကြည့်ရမှာက ဘယ်Crypto ဟာ ဘယ်နေရာမှာသုံးမှာလဲ? သုံးတာကိုပြောပြရုံနဲ့ သဘောကျသွားလို့မရဘူး။ အဓိကကြည့်ရမှာက သုံးစွဲမယ့် User Scale ကဘယ်လောက်ထိ ကျယ်ပြန့်နိုင်လဲ?

ပြီးတော့ Cryptocurrency တစ်ခုကို Invest လုပ်တော့မယ်ဆိုရင် သူကဘယ်မှာသုံးမှာလဲ၊ သူ့ရဲ့အထူးပြုမှုကဘာလဲ? ဒါတွေကိုစဉ်းစားရမှာဖြစ်ပါတယ်။ 



Security
Security

နောက်တစ်ခုကတော့ Security ဖြစ်ပါတယ်။ ဒီတိုကင်တွေက သူတို့ဘယ်လိုထုတ်ထားတာလဲ ၊ ဘယ်လိုဖြန့်ချိထားတာလဲ ၊ စျေးကွက်ထဲမှာ ငွေကြေးဖောင်းပွမှုမဖြစ်အောင် ဘယ်လိုလုပ်ထားတာလဲ ? ဘယ်လိုနည်းပညာကို အခြေခံထုတ်ထားတာလဲ? 

အဲ့လိုမျိုးSecurity တွေကို နားလည်ဖို့လိုတယ်။ 



Capital Appreciation
Capital Appreciation

နောက်တစ်ခုကတော့ Capital Appreciation ဖြစ်ပါတယ်။ 

သူ့ရဲ့ Release Plan ၊ Token Economy ကိုနားလည်ဖို့လိုပါတယ်။  တိုကင်တွေထုတ်တဲ့အချိန်မှာ တိုကင်တွေတန်ဖိုးတက်သွားတယ် ၊ Crypto တွေတန်ဖိုးတက်သွားတယ်ဆိုတာက သူ့ရဲ့ တိုကင်စီးပွားရေးကိုနားလည်မှတန်ဖိုးတက်ရင် ဘယ်လောက်တက်နိုင်လဲ ဘယ်လိုတက်တာလဲစတဲ့ Capital Appreciation ကိုနားလည်ရပါတယ်။ 


Cryptocurrency ဆိုတာ New Market ဖြစ်ပါတယ်။ သူ့ရဲ့နည်းပညာက တစ်ချိန်လုံးပြောင်းနေနိုင်တယ်။ အပြောင်းအလဲ သိပ်မြန်တယ်။ ပြောချင်တာကတော့ ဘယ်လောက်ပဲCrypto တွေကိုသိလာပါစေ တစ်ယောက်နဲ့တစ်ယောက် ငွေပေးချေလို့ရတယ်၊ Crypto ကိုင်ပြီးစျေးသွား၀ယ်လို့တော့မရဘူး။ 


နောက်တစ်ခုကအဆုံးရှုံးရောခံနိုင်လား? ဒီလိုမျိုးအချက်တွေမှာ ကိုယ်ကUpdate မဖြစ်နိုင်ဘူး၊ ဒါတွေကိုလည်း မလေ့လာနိုင်ဘူး ၊ Risk နဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာမပြင်ဆင်ထားနိုင်ဘူး ၊ အဲဒီလိုလူတွေက Crypto လို Digital Asset တွေကိုလုံး၀မထိသင့်ပါဘူး။ 


တစ်ချို့လေ့လာနိုင်တဲ့သူတွေကတော့ လုပ်သင့်တယ်။ High Return ဖြစ်နိုင်တယ်၊ Return အများဆုံးရနိုင်တဲ့ အလားအလာရှိတဲ့ Market ဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်လို့ရတဲ့ နယ်ပယ်ဖြစ်တယ်။ ငွေကြေးဖြစ်တယ်။ 


တစ်နည်းအားဖြင့် New Economy တစ်ခုအနေနဲ့ ကိုယ်က၀င်ပါပြီးတော့ ကိုယ်တိုင်က Developer လုပ်လို့ရတယ် ၊ investor လုပ်လို့ရတယ် ၊ Participant လုပ်လို့ရတယ်။ အကုန်နားလည်နေသမျှကာလပတ်လုံး ဒီMarket ကိုဘယ်လိုသုံးမလဲ ။ ကိုယ်နားလည်တတ်ကျွမ်းတဲ့ Scale ပေါ်မှာမူတည်ပြီးဝောာ့ ကိုယ်ပိုက်ဆံဘယ်လောက်ရှာမလဲ ။ အဲလိုမျိုး New Divergent Model တွေနဲ့ ပိုက်ဆံရှာချင်တဲ့သူတွေ တစ်နည်းအားဖြင့် Fast Growth ကိုကြိုက်တယ်ဆိုတဲ့သူတွေ ၊ Risk ကိုလည်း ခံနိုင်ရည်ရှိတယ်ဆိုတဲ့သူတွေ Crypto နယ်ပယ်ထဲကို ၀င်လာလို့ရပါတယ်။ 


Crypto Investing အကြောင်းကို အသေးစိတ်ထဲထဲဝင်ဝင်လေ့လာချင်သူတွေအနေနဲ့ Eduvest ရဲ့ 90 Days Mentoring Program ကိုတက်ရောက်နိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆ်ိုရင်တော့ အခု link လေးကိုနှိပ်ပြီး အသေးစိတ်လေ့လာနိုင်ပါတယ်။ 

 
 
 

Comments


bottom of page