Crypto Investing အကြောင်းသိကောင်းစရာ
- Eduvest
- Jan 4
- 3 min read
Cryptocurrency ကမ္ဘာမှာရင်းနှီးမြှုပ်နှံဖို့ရည်ရွယ်ချက်နှင့်ဝင်ရောက်လာမယ်ဆိုရင်တော့ အရင်ဆုံးတခြား coin တွေကိုရင်းနှီးမြှုပ်နှံမှုမစခင် မိမိကိုယ်ကိုအရင်ဦးဆုံးရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပါတယ်။ သင်ယူလေ့လာမှုမလုပ်ဘဲ လောင်းကစားဆန်ဆန်ရင်းနှီးတာမျိုးဟာ မိမိကိုယ်ဆုံးရှုံးဖို့ပိုပြီးဖြစ်စေပါတယ်။ အခြေခံ Blockchain နည်းပညာအကြောင်းကို အနည်းငယ်တီးမိခေါက်မိနားလည်နိုင်ဖို့လိုအပ်ပါတယ်။

Value investing Vs Growth Investing
Crypto investment တွေနဲ့စလေ့လာမှာဖြစ်ပါတယ်။ Investing လို့ပြောပြီဆိုရင် မည်သည့် investor အမျိုးအစားပဲဖြစ်စေ၊ crypto investor / asset investor/ stock investor ပဲဖြစ်စေ value investing နဲ့ growth investing ကိုနားလည်ရမှာဖြစ်ပါတယ်။
Value investor တစ်ယောက်အနေနဲ့ ကိုယ်ဝယ်မယ့် stock ရဲ့ မူလတန်ဖိုးထက် နည်းနေတဲ့အချိန်မှာဝယ်ကြလေ့ရှိပါတယ်။ Risk ကိုနည်းအောင်လုပ်ထားပြီး investor များအနေနဲ့လည်း မည်သည့် stock က under value ဖြစ်နေလဲဆိုတာလိုက်ရှာဖွေကြပါတယ်။ Asset ရဲ့သဘောက သူရဲ့တန်ဖိုးအမှန်အချိန်တန်ရင်ရောက်လာတဲ့အခါ value investor တွေအနေနဲ့ အကျိုးအများကြီးရှိနိုင်ပါတယ်။
Growth investor တွေကတော့ အလားအလာရှိတဲ့ High growth revenue ရရှိနိုင်တဲ့ လုပ်ငန်းမျိုးတွေမှာ ဒီထက်ပိုမိုတက်မယ်ဆိုတဲ့အလားအလာရှိတဲ့အတွက် စျေးနှုန်းမည်မျှပင်များနေပါစေ ပေးပြီးဝယ်ကြပါတယ်။ Growth investing ထဲမှာ crypto investment နဲ့ small-medium enterprises တွေလည်းပါဝင်ပြီး အခြား ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုမို risk ဖြစ်နိုင်တယ်လို့ဆိုနိုင်ပါတယ်။
Investor Types
ဒီနေ့ investment အကြောင်းကိုပြောပြီဆိုရင် investor types များကိုသိဖို့လိုပါတယ်။ ဒါ့ကြောင့် ကိုယ်ဟာဘယ်လို investor types ဖြစ်တယ်ဆိုတာကိုယ့်ဘာကိုသုံးသပ်နိုင်ဖို့ investor types များကိုပြောပြပေးချင်ပါတယ်။
ပထမဆုံးကတော့ စုဆောင်းသူ (savers) များဖြစ်ပါတယ်။ Saver အများစုကတော့ ရင်းနှီးမြှုပ်နှံမှု risk ကိုမလိုချင်သူများဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ သူတို့ capital တွေကိုအချိန်တန်ပြန်လိုချင်ကြပြီး early investment များလည်းပြုလုပ်လေ့မရှိကြပါဘူး။
နောက်တစ်မျိုးကတော့ risk နဲ့ reward ကိုနားလည်တဲ့ investor များဖြစ်ပါတယ်။ Investment လုပ်တော့မယ်ဆို ကျင့်သုံးရမယ့် ဆောင်ပုဒ်တစ်ခုက Let Them Grow ဖြစ်ပါတယ်။ Investment တစ်ခုကိုစပြီဆိုရင် စိတ်ရှည်ရှည်နဲ့ အနည်းဆုံး medium နဲ့ long-term ကိုစဉ်းစားပြီးလုပ်ဆောင်သင့်ပါတယ်။ Investment လုပ်ရာတွင် ငယ်လေ ၊ကောင်းလေဖြစ်ပြီး မိမိအသက်အရွယ်ပေါ်မူတည်ပြီး investment decision, investment strategy များပြောင်းလဲနိုင်ပါတယ်။ Investment လုပ်ရာတွင် amount ကအဓိကမဟုတ်ပဲ ပုံမှန်လုပ်သွားသင့်တဲ့ process တစ်ခုဖြစ်ပါတယ်။ ထို့အပြင် risk တွေကို ထိန်းချုပ်ဖို့ အသိပညာ၊ ပညာရပ်တွေကို လေ့လာထားပြီး ပြုလုပ်သွားမယ်ဆို အဆိုပါ investment ကနေ financial freedom ဖြစ်လာနိုင်ပါတယ်။
Debt Vs Investment
အကြွေးအရင်ဆပ်မလား? Investment အရင်လုပ်မလား? သေချာတာတစ်ခုကတော့ အကြွေးပေးတဲ့အခါမှာ 100% guarantee return ပြန်ရပါတယ်။ ဥပမာ - သင်က credit card အကြွေး 20000$ ရှိပါတယ်။ APR rate က 12% ရှိပြီး သင်အကြွေးတင်နေတာ ၃နှစ် (၃၆)လလောက်ရှိပါပြီ။ ဒါဆို စုစုပေါင်းအတိုးနှုန်း 3914.44 ကျပ်ရှိပါတယ်။ ဒါဆိုအတိုးအရင်းစုစုပေါင်း 23914.44 ပေးရမှာဖြစ်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် အတိုးနှုန်းက ပိုမိုတိုးလာမှာပဲဖြစ်ပါတယ်။ ဒါဆို လစဉ် $600 လောက်ပုံမှန်ပေးရမှာပဲဖြစ်ပါတယ်။
အကယ်၍ မိတ်ဆွေက extra income $600 လောက်ပိုမိုရရှိလာမယ်ဆိုရင် အဲဒီငွေကို အကြွေးဆပ်သင့်လား? Investment လုပ်သင့်လား? ထိုငွေကို အကြွေးဆပ်မယ်ဆိုရင် တစ်လကို စုစုပေါင်း $1200 ဆပ်သွားမယ်ဆိုရင် အတိုးနှုန်း $2000 လောက် လျော့ကျသက်သာသွားနိုင်ပါတယ်။
အကယ်၍သင်ဟာ ၁၈လအတွင်းမှာ 10000$ လောက်ဆပ်နိုင်မယ်ဆိုရင် $2000/10000 = 20% return သေချာပေါက်ပြန်ရလာနိုင်ပါတယ်။ ဆိုလိုရင်းက အကြွေးဆပ်မယ်ဆို 20% return ရမယ်ဆို investment လုပ်မယ်ဆိုရင်လည်း ထိုထက်ပိုသော amount ရရှိနိုင်မယ့် investment ကိုသာလုပ်ဆောင်သင့်ပါတယ်။
ထိုကဲ့သို့ သေချာချင့်ချိန်ပြီး ကောင်းမွန်တဲ့ investment decision တွေကိုချမှတ်သင့်ပါတယ်။
Risk-Reward Ratio
Crypto investment / asset investment လုပ်ချင်သူတွေထည့်သွင်းစဉ်းစားသင့်တဲ့ Risk-reward ratio ကိုရှင်းပြချင်ပါတယ်။ Investment / trading လုပ်ပြီဆို potential loss/ potential gain ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ရဖို့အလားအလာကြားက ခြားနားချက် ကို Risk-Reward Ratio လို့ခေါ်နိုင်ပါတယ်။ ထို ratio ကို Potential Reward (Profit) ကိုတည်ပြီး Potential Risk(Loss) ဖြင့် divide လုပ်နိုင်ပါတယ်။
Risk & Volatility
Risk ဆိုတာဘာလဲ? ပထမဆုံးသိထားသင့်တဲ့အချက်ကတော့ risk နဲ့ volatility လုံးဝမတူညီပါဘူး။ volatility ကြောင့်ဖြစ်နိုင်တဲ့ risk တွေရှိပေမယ့် ကွဲပြားခြားနားမှုတွေရှိပါတယ်။
Risk က နေရာတိုင်းမှာရှိနိုင်ပေမယ့် crypto မှာရှိတဲ့ risk က permanent loss မှာ အခြေခံတဲ့အတွက် ဆုံးရှုံးမယ်ဆိုအလုံးစုံဆုံးရှုံးသွားနိုင်ပါတယ်။ သို့ပေမယ့် Risk မရှိပဲ asset investment လုပ်လို့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် risk ကိုကြောက်လန့်နေစရာမလိုပဲ risk ကိုသေချာသဘောပေါက်ဖို့ပဲလိုပါတယ်။ နောက်တစ်ခုဖြစ်တဲ့ volatility ကတော့ Asset ရဲ့တန်ဖိုးတွေ အတက်အကျဖြစ်တယ်ဆိုတာ ဆိုလိုတာပဲဖြစ်ပါတယ်။
ထိုကဲ့သို့ volatility ဟာ အတက်အကျကြမ်းတဲ့အတွက် trading ကနေလည်း ပိုက်ဆံရှာနိုင်တာပဲဖြစ်ပါတယ်။
ဥပမာ - gold price ဟာ အတက်အကျဖြစ်တယ်ဆိုပေမယ့် အဆမတန်တက်သွားဖို့ကမဖြစ်နိုင်ပါဘူး။ ဒါကြောင့် volatility risk ဆိုတာလည်းရှိနေပါတယ်။ စျေးအတက်အကျမရှိဘူးဆို အကျိုးအမြတ်ရရှိဖို့ကလည်း မဖြစ်နိုင်တဲ့အတွက် volatility ဟာမရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် risk နဲ့ volatility ကိုကြောက်နေစရာမလိုအပ်ပဲ သူ့ရဲ့သဘောတရားကိုသာ သေချာသဘောပေါက်ဖို့လိုအပ်ပါတယ်။
ထိုကဲ့သို့ Risk နဲ့ volatility ကိုတိုင်းတာဖို့ standard deviation ကိုလည်းသိရမှာဖြစ်ပါတယ်။ Standard deviation ကိုတော့ နောက်သင်ခန်းစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမှာဖြစ်ပါတယ်။ ယခုသင်ခန်းစာကနေတော့ risk နဲ့ volatility ခြားနားချက်ကိုသိစေချင်တာပဲဖြစ်ပါတယ်။
Standard Deviation
Standard Deviation ဆိုတာ cryptocurrency ရဲ့ စျေးနှုန်းအပြောင်းအလဲဟာ standard ရှိပါတယ်။ ထိုကဲ့သို့ ဘယ်လိုပြောင်းလဲသလဲ? Cryptocurrency ရဲ့ standard deviation ပမာဏက ဘယ်လောက်ရှိလဲဆိုတာတိုင်းတာလို့ရပါတယ်။ ဥပမာ- ရွှေဆိုရင်လည်း တက်လိုက်ကျလိုက်ဖြစ်နေရာမှ သူ့ရဲ့ ပုံမှန်တန်ဖိုးကနေ ဘယ်လောက်ပဲ သွေဖယ်နိုင်မယ်ဆိုတာ တိုင်းတာနိုင်တာကို standard deviation လို့ဆိုပါတယ်။
Determine Risk Preferences
ဒီနေ့နားလည်ထားတဲ့ investment ဆိုတဲ့အရာမှာ risk ကိုတိုင်းတာ၊ တွက်ချက်၊ ရှောင်လွှဲလို့ရပါတယ်။ ထိုကဲ့သို့ risk များကိုသဘောပေါက်ခြင်းကို risk preferences လို့ခေါ်ဆိုနိုင်ပါတယ်။ Risk preferences ကဘာမျိုးလဲဆိုရင် asset နဲ့ ပတ်သတ်ပြီးရှိနေတဲ့ risk များကိုနားလည်ပြီး ကိုယ်ယူချင်တဲ့ risk ပမာဏ အမျိုးအစားကို Risk Preferences လို့ခေါ်ပါတယ်။ ကိုယ်ရင်းနှီးမြှုပ်နှံချင်တဲ့ပမာဏအလိုက် ကိုယ် risk ယူလိုတဲ့ ပမာဏကိုရွေးချယ်ခြင်းကို risk preferences ဖြစ်တယ်လို့ခေါ်ဆိုပါတယ်။
Asset ဆိုတာနဲ့ bonds, equity, stocks, ETF, Crypto ကဲ့သို့အမျိုးအစားများစွာရှိနိုင်ပါတယ်။ ထိုကဲ့သို့ asset အမျိုးအစားအလိုက် ရရှိနိုင်တဲ့ risk ပမာဏများလည်းမတူညီကြပါဘူး။ မိမိမှာရှိတဲ့ portfolio plan အလိုက် ကိုယ်ရင်းနှီးမြှုပ်နှံလိုတဲ့ asset မှာ လူတစ်ဦးချင်းစီအလိုက် risk ပမာဏကိုရွေးချယ် invest ပြုလုပ်နိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် Time Horizon ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ Short-term investment များကို 3နှစ်အောက် ရင်းနှီးမြှုပ်နှံမှုများလို့ခေါ်ဆိုနိုင်ပါတယ်။ Medium term ကတော့ ၃နှစ်မှ၇နှစ်ဖြစ်ပြီး Long-termကတော့ ၇နှစ်အထက်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလို့ဆိုတာနဲ့ အနည်းဆုံး medium နဲ့ long-term ကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။
နောက်တစ်ခု affordability ( ခံနိုင်ရည်ရှိမှု) ကိုလေ့လာရမှာဖြစ်ပါတယ်။ ဒါဟာ ဘယ်လို asset တွေမှာ ရင်းနှီးမြှုပ်နှံမယ်၊ ထို asset တွေမှာ risk ပမာဏဘယ်လောက်ထိရှိနိုင်မယ်ဆိုတာ နားလည်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ crypto coin တစ်ခုရဲ့ affordability ကိုတွက်ချက်ဖို့အတွက်က ၎င်းရဲ့ market cap ရဲ့အရွယ်အစား၊ သုံးစွဲသူတွေ၊ investor တွေနဲ့ use cases တွေကဘယ်လိုတွေရှိလဲ၊ owner တွေရဲ့ ပိုင်ဆိုင်မှုကဘယ်လိုရှိလဲ၊payment network ကို ဘယ်လိုပြုလုပ်ခဲ့တာလဲဆိုတာအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်။ ထိုအခါမှ affordability ကိုစဉ်းစားတွက်ချက်နိုင်မှာဖြစ်ပါတယ်။
Comments