top of page
Search

A Beginner's Guide to Choosing & Using Crypto Wallets

Crypto Wallets တွေဆိုတာ crypto investor တွေမဖြစ်မနေသိထားသင့်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သင်က နေ့စဉ် trading လုပ်နေတာပဲဖြစ်ဖြစ်၊ ရေရှည် invest ထားဖို့ စီစဉ်ထားပဲဖြစ်ဖြစ် မိမိနဲ့ ကိုက်ညီမယ့် crypto wallets ကိုသိထားဖို့လိုအပ်ပါတယ်။ အခု post လေးမှာတော့ Beginner တွေအတွက် မိမိနဲ့ကိုက်ညီမယ့် crypto wallet ကိုရွေးချယ်နိုင်ဖို့နဲ့ မှန်မှန်ကန်ကန်သုံးစွဲန်ိုင်ဖို့ ပြည့်ပြည့်စုံစုံမျှဝေပေးသွားမှာဖြစ်ပါတယ်။



Crypto Wallets တွေဆိုတာ သင့်မှာရှိတဲ့ cryptocurrency တွေကို သိမ်းဆည်းထားဖို့နဲ့ ထိန်းချုပ်ဖို့ အသုံးပြုနိုင်တဲ့ tools တွေဖြစ်ပါတယ်။ ဒါပေမယ့် သမားရိုးကျပုံမှန် wallets တွေလို သူတို့က coins တွေကိုမသိမ်းထားနိုင်ပါဘူး။ အဲ့ဒီအစားသူတို့က private keys တွေနဲ့ public keys တွေကိုသိမ်းထားပေးတာဖြစ်ပါတယ်။ 


အဲ့ဒီ keys တွေက crypto အလွှဲအပြောင်းတွေကိုမှတ်သားထားပေးတဲ့ decentralized ledger ဖြစ်တဲ့ blockchain ကိုဝင်ရောက်နိုငဖို့ လုပ်ပေးနိုင်ပါတယ်။ Crypto Wallets တွေကတဆင့် transactions တွေကိုမှတ်ထားနိုင်သလို၊ အသွင်းအထုတ်လည်းပြုလုပ်နိုင်ပြီး သင့်မှာရှိတဲ့ funds တွေဟာ လုံခြုံကြောင်းသေချာစေပါတယ်။


Hot Vs Cold Wallets 

မိမိရင်းနှီးမြှုပ်နှံမယ့်ပုံစံအပေါ်မူတည်ပြီး Hot Wallets နဲ့ Cold Wallets တစ်ခုခုကိုရွေးချယ်နိုင်ပါတယ်။


Hot Wallets 

Hot Wallets တွေကို အင်တာနက်နဲ့ချိတ်ဆက်ထားပြီး transactions မကြာခဏလုပ်ဖို့အတွက်သင့်တော်ပါတယ်။ ဥပမာ - Mobile apps, Desktop wallets, Web wallets 

ဒါပေမယ့် အဲ့ဒီ internet connection ကပဲ hacking risk ကိုဖြစ်စေပါတယ်။ Hot wallets တွေက အမြဲလိုလို အသုံးပြုနေတဲ့ active traders တွေအတွက်အဆင်ပြေပေမယ့် ရေရှည်သိမ်းထားနိုင်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။ 


Cold Wallets 

Cold wallets တွေဟာ offline ဖြစ်ပြီး အင်တာနက်ကြောင့်ဖြစ်ပေါ်လာနိုင်မယ့် cyber အန္တရာယ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ Cold Wallets တွေဟာ crypto ပမာဏအများကြီးကို ရေရှည်သိမ်းဆည်းထားချင်သူတွေအတွက်သင့်တော်ပါတယ်။ အဲ့ဒီ wallets တွေဟာ သုံးစွဲသူရဲ့ keys တွေကို စာရွက်သို့မဟုတ် physical devices တွေမှာမှတ်ထားတဲ့အတွက် hacker ရန်မှကာကွယ်ပေးပါတယ်။ 



Factors to consider 

Wallets ကိုမရွေးချယ်ခင်မှာ မိမိလိုအပ်ချက်နဲ့ wallet မှာပါတဲ့ feature တွေကိုက်ညီမှု ရှိ/မရှိကို ထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်။ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကတော့ - 


Security Features 

Two Factor Authentication ပါ၊မပါ နဲ့ seed phrases တွေပါ၊ မပါကြည့်ရပါမယ်။ များသောအားဖြင့်တော့ hot wallets တွေထက် hardware wallets တွေကပိုလုံခြုံပါတယ်။ 


Cryptocurrency Compability 

Wallet တိုင်းဟာ cryptocurrency တွေကို support လုပ်တာမဟုတ်ပါဘူး၊ မိမိသုံးချင်တဲ့ coin သို့ token တွေကိုမိမိရွေးချယ်မယ့် wallet က support ပေးလားဆိုတာကြည့်ရပါမယ်။ 


Ease of Use 

Beginners တွေအတွက်ဆိုရင် သုံးစွဲရလွယ်ကူတဲ့ user friendly wallets တွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ QR code scanning နဲ့ ရိုးရှင်းတဲ့ navigation လို feature တွေ ပါ၊မပါကို ကြည့်ပါ။ 


Backup and Recovery Options 

အကယ်၍ မိမိ device ကိုမတော်တဆ ပျောက်သွားပြီး ဝင်မရတော့ဘူးဆိုရင် recovery option တွေဖြစ်တဲ့ seed phrases တွေပါဝင်လားဆိုတာလည်း ကြည့်ရပါမယ်။ 


Cost 

အချို့ mobile apps နဲ့ wallets တွေကတော့ အခမဲ့သုံးနိုင်ပေမယ့် hardware wallets တွေကတော့ တန်ကြေးနှုန်းပေးဝယ်ရပါတယ်။ အဲ့ဒါကြောင့်မဝယ်ခင်မှာလည်း ကိုယ့် budget ကို ချိန်ရပါမယ်။ 


Setting Up 

Wallet ကို set up လုပ်ဖို့ အောက်ပါအတိုင်းတစ်ဆင့်ချင်းစီလုပ်ဆောင်နိုင်ပါတယ်။ 


  • Choose the right Wallet : အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကို အခြေခံပြီး hot vs cold wallets ထဲက ရွေးချယ်ရပါမယ်။ ယုံကြည်ရတဲ့ providers တွေ၊ အခြားသုံးစွဲသူတွေရဲ့ review များမှ လေ့လာနိုင်ပါတယ်။ 


  • Download or Purchase : Hot wallets တွေအတွက်ဆိုရင် official source တွေမှ download ပြုလုပ်နိုင်ပြီးတော့၊ Cold wallets တွေဆိုရင်တော့ manufacturer တွေဆီကနေ တိုက်ရိုက် ဝယ်ယူနိုင်ပါတယ်။ 


  • Create & Secure Keys : Setup လုပ်နေစဉ်မှာ wallet ကနေ public နဲ့ private keys တွေကို ထုတ်ပေးပါတယ်။ အဲ့ဒီ recovery phrase (seed phrase) တွေကို ချရေးပြီး လုံခြုံတဲ့နေရာမှာသိမ်းထားနိုင်ပါတယ်။ မိမိရဲ့ Private keys သို့ recovery phrase ကို ဘယ်သူနဲ့မှ မ share ပါနဲ့။ 


  • Fund Your Wallet : Exchange သို့ အခြား wallet တစ်ခုကနေ cryptocurrency ကို ထည့်ပြီး fund စလုပ်နိုင်ပါတယ်။ အမှားကင်းစေဖို့အတွက် transactions တွေမပြုလုပ်ခင်မှာ wallet address ကို double-check လုပ်ဖို့မမေ့ပါနဲ့။ 


  • Start using your wallet : အပေါ်မှာဖော်ပြခဲ့တာကို အကုန်လုပ်ပြီးရင်တော့ မိမိ wallet ကို crypto တွေကို အသွင်း၊ အထုတ်လုပ်ဖို့ စအသုံးပြုနိုင်ပါပြီ။ 


Best Practices 

အလုံခြုံဆုံး wallet တွေနဲ့တောင်မှ အသုံးမတတ်ရင် ဆုံးရှုံးမှုတွေဖြစ်နိုင်ပါတယ်။ အောက်မှာဖော်ပြပေးသွားမယ့် အလေ့အကျင့်တွေကို သုံးကြည့်ပါ။ 


မိမိ private key နဲ့ seed phrases တွေကို တန်ဖိုးအရှိဆုံးအရာလို့သတ်မှတ်ပြီး ဘယ်သူနဲ့မှ မ share ပါနဲ့။ 

မိမိ wallet ကို နောက်ဆုံးပေါ် update တွေရှိတိုင်း update ဖြစ်နေပါစေ။ 


ရင်းနှီးမြှုပ်နှံမယ့် ပမာဏများရင် hacking ရန်မှ ကာကွယ်နိုင်ဖို့ hot wallets အစား cold wallets တွေကို အသုံးပြုပါ။ 


လူအများမြင်နိုင်တဲ့ forum တွေမှာ တင်ထားတဲ့ link တွေကိုနှီပ်ခြင်းမှရှောင်ပါ။ အမြဲ source ကို double check ပြုလုပ်ရပါမယ်။ 


ပိုပြီးလုံခြုံမှုရှိစေဖို့ တစ်ခုထက်ပိုတဲ့ wallet တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ - daily transaction တွေအတွက် hot wallets တွေကိုအသုံးပြုပြီး၊ ရေရှည်သိမ်းဆည်းထားဖို့အတွက် cold wallets တွေကို အသုံးပြုနိုင်ပါတယ်။ 

 
 
 

Kommentare


bottom of page