Metaverse အကြောင်းသိကောင်းစရာ - ၁
- Eduvest
- Jan 13
- 1 min read
အရင်အပတ်က Blog post ရဲ့နောက်ဆက်တွဲဖြစ်တဲ့ Metaverse ရဲ့ Key Characteristics နဲ့ Activities တွေအကြောင်းကို ယခု post ထဲမှာနားလည်လွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Metaverse ရဲ့ Key Characteristics တွေကဘာတွေလဲ?
1.Boundless
2.Immersive
3.Social Experience
4.Persistent
5.Decentralized
6.Economy ဆိုပြီး ခွဲခြားနိုင်ပါတယ်။
ပထမဆုံးတစ်ခု Boundless ဆိုတာက နယ်စည်းမထားတာကိုဆိုလိုတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Metaverse ကို Blockchain နဲ့ Digital ပေါ်မှာ အခြေပြုထားတာကြောင့်ဖြစ်ပါတယ်။
ဥပမာပေးရမယ်ဆိုရင်တော့ လူတွေအသုံးပြုနေကြတဲ့ Zoom Meetings ပဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်သင်တန်းသွားတက်ရမယ်ဆိုသင်တန်းခန်းမထဲကိုသွားကြတယ်။အစည်းအဝေးတက်ရမယ်ဆိုအစည်းအဝေးခန်းမထဲကိုသွားကြရပါတယ်။ Zoom ဆိုတာက လွန်ခဲ့တဲ့ခြောက်နှစ်ထဲကပေါ်လာတာဖြစ်ပြီး Covid-19 မှ Unicorn Business အထိဖြစ်သွားခဲ့တဲ့ အထိ အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ Covid-19 ကြောင့်ပဲ Zoom ကိုသုံးစွဲတဲ့ Culture အရမ်းထွန်းကားလာပါတယ်။
အရင်က Corporate လောကမှာ Zoom ထက် Microsoft Meetings ကိုပဲသုံးလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ Zoom ကလည်း Update တွေအများကြီးလုပ်လာတယ်။ Control လုပ်လို့ရတဲ့ Pattern တွေအများကြီးရှိလာတယ်။ အဓိကအားသာချက်ကတော့ Free အသုံးပြုနိုင်တာဖြစ်ပါတယ်။

လူတိုင်းကိုမိနစ်လေးဆယ် Free ပေးထားပြီးတော့ ဒီထက်ပိုပြီးတော့မှ Business Engagement လုပ်နေရတဲ့သူတွေ၊Presentation လုပ်နေရသူတွေ၊Training ပေးနေရတဲ့သူတွေကအဲ့လိုမိနစ်လေးဆယ်ကြာတိုင်း ပြုတ်ကြ ပြီးတော့တက်လာကြရင် efficency
မဖြစ်တော့တဲ့အတွက် Upgrade လုပ်ရပါတယ်။ အဲ့လိုUpgrade လုပ်ချင်တော့မှ Zoom ကပိုက်ဆံတောင်းပါတယ်။
Metaverse အကြောင်းပြန်ဆက်ရမယ်ဆိုရင် Metaverse မှာဘာတွေလုပ်လို့ရလည်းဆိုတော့ လူကြီးလူငယ်မရွေး အများအားဖြင့် Gaming လုပ်ကြပါတယ်။ နောက်ပြီးတော့ Metaverse ထဲမှာအလုပ်လုပ်ကြပါတယ်။ ပစ္စည်းတွေရောင်းလို့၀ယ်လို့ရတယ်။Entertainment လုပ်လို့ရတယ်။Service ပေးတာမျိုးတွေလုပ်လို့ရတယ်။နည်းပညာတွေကိုအခြေပြုပြီးတော့စီပွါးရေးတွေတည်ဆောက်လို့ရပါတယ်။
Metaverse ရဲ့ Key Activities တွေကဘာတွေလဲ?
2.Enjoy
5.Look
6.Socialize တို့ပဲဖြစ်ပါတယ်။

Metaverse မှာ AR,VR ကိုအသုံးပြုပါတယ်။ AR,VR ဆိုတာကပြင်ပမှာအလုပ်လုပ်တဲ့သူတစ်ယောက်က Virtual ကမ္ဘာတည်းမှာလည်းအပြင်ကအတိုင်းအလုပ်လုပ်လို့ရတဲ့အတိုင်းတည်ဆောက်ပေးထားတာဖြစ်ပါတယ်။
Metaverse ထဲမှာဆိုင်ခန်းလာဖွင့်မယ့်သူတွေရှိတယ်။Service ရောင်းတဲ့သူတွေရှိတယ်။ Digital Economy လုပ်မယ့်သူတွေရှိတယ်။အိမ်ခြံမြေလည်းလုပ်လို့ရမယ်။ ဆိုလိုရင်းကတော့ စိတ်ကူးယဉ်ကမ္ဘာကိုလက်တွေ့ဖြစ်အောင်လုပ်လိုက်တာဖြစ်ပါတယ်။ Metaverse ကမ္ဘာမှာသုံးမယ့်တစ်ခုတည်းသော Common Currency တွေဟာလည်း Cryptocurrenciesတွေဖြစ်လာတော့မှာဖြစ်ပါတယ်။
Metaverse မှာလုပ်ငန်းနယ်ပယ်တွေသုံးဖို့အတွက်ကိုယ့်ဘာသာကိုယ် Upgrade လုပ်ရမယ်၊ဥပမာ - ယနေ့သုံးစွဲနေတဲ့ Facebook Software ကို Upgrade လုပ်သလိုပဲကိုယ်ရဲ့ Version ကို Upgrade လုပ်တဲ့အခါမှာ NFT Version တွေနောက်ပိုင်းထွက်လာမယ်။ အဲ့ဒါကို မသုံးချင်တော့ဘူးဆိုရင် NFT Marketplace မှာ လေလံတင်ပြီးစျေးရောင်းလို့ရလာမှာဖြစ်ပါတယ်။
Commentaires