top of page
Search

Fintechs: ဖွံ့ဖြိုးတိုးတက်မှုရဲ့ ခေတ်သစ်ပုံစံ

"ဒစ်ဂျစ်တယ်ဘဏ္ဍာရေးကမ္ဘာကြီးဟာ ဘယ်လောက်တောင်မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီလဲဆိုတာ သင်သိပါသလား?"

Fintech လုပ်ငန်းများဟာ ဘဏ္ဍာရေးကဏ္ဍကို လုံးဝပြောင်းလဲပစ်နေပြီဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်၊ ကရစ်ပ်တိုငွေကြေးနဲ့ အွန်လိုင်းငွေပေးချေမှုစနစ်များဟာ လူတိုင်းရဲ့နေ့စဉ်ဘဝကို လွယ်ကူချောမွေ့စေပြီး ကမ္ဘာကြီးကို ပိုမိုဆက်သွယ်လာစေပါတယ်။ ဒီဆောင်းပါးမှာတော့ Fintech ရဲ့အရှိန်အဟုန်ပြင်းတိုးတက်မှု၊ အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာနဲ့ ဒီကဏ္ဍမှာပါဝင်လိုသူများအတွက် အခွင့်အလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။



Fintechs : A new paradigm of growth
Fintechs : a new paradigm of growth

ဘဏ်လုပ်ငန်းကဏ္ဍရဲ့ ခိုင်မာစွာတိုးတက်လာမှု၊ လျင်မြန်စွာပြောင်းလဲလာတဲ့ဒစ်ဂျစ်တယ်စနစ်၊ ရင်းနှီးမြုပ်နှံသူများနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့(regulators)များရဲ့ ပံ့ပိုးကူညီမှုတို့ကြောင့် fintech ကဏ္ဍအနေဖြင့် အရှိန်အဟုန်ပြင်းပြင်းနဲ့တိုးတက်လာနေပါတယ်။


ဒီဆယ်စုနှစ်များအတွင်းမှာ fintech များဟာ ဆန်းသစ်တီထွင်မှု၊ မတူကွဲပြားမှုနှင့် ၎င်းတို့ကိုသုံးဆွဲသူတို့ရဲ့ အဆိုပြုချက်များ၊ ကျွမ်းကျင်တဲ့လုပ်ငန်းပုံစံများကိုပူးပေါင်းပြီး ဘဏ္ဍာရေးဝန်ဆောင်မှုအချို့ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာများနဲ့အတူ ဘဏ္ဍာရေးဝန်ဆောင်မှုများဟာ ပိုမိုလွယ်ကူပြီး လူတိုင်းနီးပါးအသုံးပြုနိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။


Fintech လုပ်ငန်းမှ ရရှိလာတဲ့၀င်ငွေများဟာ ၂၀၂၂ နှင့် ၂၀၂၈ ခုနှစ်ကြားမှာ သမားရိုးကျဘဏ်လုပ်ငန်းကဏ္ဍထက် သုံးဆနီးပါး တိုးလာနိုင်ပြီး အခွင့်အလမ်းများစွာပိုမိုရရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ McKinsey’s research ရဲ့ 🔎လေ့လာဆန်းစစ်ချက်များအရ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ fintech များဟာ စျေးကွက်အရင်းအနှီး ၅၅၀ ဘီလီယံဒေါ်လာကိုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် နှစ်ဆတိုးတက်လာတာကိုတွေ့ရပါတယ်။ ဒီလိုတိုးတက်မှုများဟာ နည်းပညာနဲ့ဘဏ္ဍာရေးကဏ္ဍတို့ရဲ့ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။


Fintech လုပ်ငန်းများအနေနဲ့ ဘဏ်လုပ်ငန်းနယ်ပယ်ရဲ့ ပြင်းထန်တဲ့အသွင်ကူးပြောင်းမှု၊ လျင်မြန်တဲ့ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာတစ်ဝှမ်းရှိ e-commerce စနစ်အသုံးပြုလာနိုင်မှုတို့မှာ တွင်ကျယ်စွာပံ့ပိုးပေးလာနိုင်ပြီး တိုးချဲ့ဘဏ္ဍာရေးဝန်ဆောင်မှုစနစ်တွင် နောက်ထပ်တိုးတက်မှုရရှိရန်ကူညီပံ့ပိုးပေးနိုင်ဖို့လည်း မျှော်မှန်းထားကြပါတယ်။ ဒီလိုတိုးတက်မှုများဟာ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာစေပြီး လူတိုင်းအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာရရှိစေနိုင်ပါတယ်။


အနာဂတ်မှာ Fintech ကဏ္ဍဟာ ဘဏ္ဍာရေးကဏ္ဍရဲ့ အင်အားတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး၊ နည်းပညာနဲ့ဘဏ္ဍာရေးပေါင်းစပ်မှုများဟာ ကမ္ဘာကြီးကို ပိုမိုတိုးတက်လာစေဖို့ ဦးဆောင်နေပါတယ်။ ဒီလိုတိုးတက်မှုများနဲ့အတူ လူတိုင်းဟာ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာရရှိလာနိုင်မှာဖြစ်ပါတယ်။


ဒစ်ဂျစ်တယ်ဘဏ္ဍာရေးနဲ့ Crypto ရင်းနှီးမြုပ်နှံမှုအကြောင်း ပိုမိုလေ့လာချင်ပါသလား?"


Eduvest ရဲ့ YouTube ChannelTelegram Group နဲ့ 90 Days Mentoring Program တို့မှာ နည်းပညာအသစ်များ၊ ရင်းနှီးမြုပ်နှံမှုနည်းဗျူဟာများနဲ့ ဒစ်ဂျစ်တယ်ဘဏ္ဍာရေးကမ္ဘာရဲ့နောက်ဆုံးရအချက်အလက်များကို မျှဝေပေးနေပါတယ်။ ဒီလိုအခွင့်အလမ်းတွေကို လက်လွတ်မခံပါနဲ့! ကျွန်ုပ်တို့နဲ့အတူ ပါဝင်ပြီး ဒစ်ဂျစ်တယ်ဘဏ္ဍာရေးကမ္ဘာရဲ့အနာဂတ်ကို အတူတူဖန်တီးကြရအောင်။

 
 
 

Comentários


bottom of page