top of page
Search

ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ဖို့ လုပ်ဆောင်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှု အမျိုးအစား (၄) မျိုး

ကြီးပွါးချမ်းသာနိုင်ဖို့ “ငွေ” ရှာနိုင်ရုံနဲ့မလုံလောက်ပါဘူး။ နောက်ပိုင်း ငွေမရှာနိုင်တော့တဲ့ ရေရှည်အနာဂါတ်မှာတောင် တန်ဖိုးရရှိအောင်ပြုလုပ်ပေးနိုင်မယ့် နယ်ပယ်တွေမှာ နည်းစနစ်ကျကျရင်းနှီးမြှုပ်နှံတတ်ဖို့လိုပါတယ်။ လူတွေက ရင်းနှီးမြှုပ်နှံမှုလို့ဆိုရင် Financial Assets တွေမှာပဲ ရင်းနှီးမြှုပ်နှံနိုင်မယ်ထင်ကြပြီးတော့ အခြား အရေးကြီးတဲ့ Investment အမျိုးအစားတွေကိုမေ့နေတတ်ပါတယ်။ 


အခုဆောင်းပါးကနေ သင့်ရဲ့ ငွေကြေးချမ်းသာမှု “Wealth” ကိုတည်ဆောက်ဖို့အတွက် အချိန်၊ ခွန်အားနဲ့ အရင်းအမြစ်တွေကို အာရုံစိုက်အသုံးပြုသင့်တဲ့ အဓိက နယ်ပယ် (၄)ခုအကြောင်းကိုပြောပြပေးချင်ပါတယ်။ 





1. Financial Assets: Real Estate, Stocks, and Bonds

ဟုတ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလို့ဆိုလိုက်ရင် Financial Assets တွေဟာ လုံးဝမေ့ထားလို့မရတဲ့ အခြေခံတစ်ခုပါပဲ။ အဆိုပါ Assets တွေဟာ ဝင်ငွေတိုးစေပြီးတော့ လူတိုင်းဘဝမှာ လိုအပ်တဲ့ ငွေကြေးလုံခြုံမှုကိုပေးနိုင်ပါတယ်။ 


အိမ်ခြံမြေ : Real Estate Investment တွေက ငွေကြေးချမ်းသာမှုတည်ဆောက်နိုင်မယ့် သမားရိုးကျနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်တဲ့အိမ်ကို ငှါးရမ်းတာဖြစ်စေ၊ ရောင်းချပြီး အခြားတစ်အိမ်ကိုပြန်ဝယ်တာဖြစ်စေ၊ ဒီအတိုင်း ရင်းနှီးထားတာပဲဖြစ်စေ တည်ငြိမ်တဲ့ အကျိုးအမြတ်တစ်ခုကိုပေးနိုင်ပြီး ငွေကြေးဖောင်းပွမှုဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ 


စတော့ရှယ်ယာ - စတော့ရှယ်ယာ equities တွေမှာ ရင်းနှီးမြှုပ်နှံခြင်းကနေ စီးပွါးရေးလုပ်ငန်းတိုးတက်လာတာနဲ့ အကျိုးအမြတ်ကို ခံစားနိုင်ပါတယ်။ ဒါက Risk ရှိနိုင်ပေမယ့် မတူညီတဲ့ Stock တွေမှာ ခွဲခြားပြီး ရင်းနှီးမြှုပ်နှံနိုင်တာကြောင့် အချိန်တစ်ခုရောက်တဲ့အခါ သိသာတဲ့ အကျိုးအမြတ်ပမာဏတစ်ခုကိုခံစားနိုင်မှာပါ။ 


ငွေချေးစာချုပ်များ - Bonds တွေကတော့ Low-Risk Investments တွေဖြစ်ပြီး ရေရှည်မှာ တည်ငြိမ်တဲ့ အကျိုးအမြတ်ကိုရရှိနိုင်ပါတယ်။


Pro Tip အနေနဲ့ကတော့ စောစောရင်းနှီးမြှုပ်နှံပြီး အနာဂါတ်မှာ ငွေကြေးပိုမိုတိုးပွါးနိင်ဖို့ Compound Interest ကို အသုံးချဖို့မျှဝေပေးချင်ပါတယ်။ 


2. Education: Books, Courses, and Experiences

သင်ရဲ့ဝင်ငွေဟာ သင့်ကျွမ်းကျင်မှုရဲ့ စျေးကွက်တန်ဖိုးနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတယ်လို့ဆိုရာမှာ ဘွဲ့ယူတာတစ်ခုတည်းမဟုတ်ပါဘူး။ သင့်ဘဝတစ်လျှောက် အသိပညာနဲ့ ကျွမ်းကျင်မှု ရရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ 


စာအုပ်စာပေ - စာဖတ်ခြင်းက ဉာဏ်ပညာတိုးတက်မှုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပညာရေးတက္ကသိုလ်တွေ၊ သင်တန်းတွေတက်ခြင်းထက်စာရင် အစိတ်အပိုင်းတစ်ခုလောက်သာ ကုန်ကျပါတယ်။ 


သင်တန်းများ - Online platforms တွေကပို့ချတဲ့ Professional Certification Program တွေကိုတက်ရောက်ပြီး အသစ်ရလာတဲ့ကျွမ်းကျင်မှုတွေကလည်း  ဝင်ငွေလမ်းကြောင်းအသစ်တွေ ဖန်တီးပေးနိုင်ပါတယ်။ Eduvest ရဲ့ 90 Days Mentoring Program မှလည်း သင့်ဘဝအတွက် လိုအပ်တဲ့ ငွေကြေးအသိပညာတွေကိုပေးနိုင်ပါတယ်။ 


အတွေ့အကြုံ - လက်တွေ့လုပ်ဆောင်ခြင်း၊ Mentor ဆီမှအနီးကပ်သင်ယူခြင်း၊ အသစ်အဆန်းတွေကို လုပ်ကြည့်ခြင်းက သင့်ကျွမ်းကျင်မှုနဲ့ Decision-making Skills တွေကို တိုးတက်စေပါတယ်။ 


Pro Tipအနေနဲ့ မိမိရတဲ့ ဝင်ငွေကနေ ပမာဏတစ်ခုကိုဖယ်ထားပြီး ပညာရေးမှာရင်းနှီးမြှုပ်နှံပါ။ ဒါက မိမိဘဝတစ်သက်လုံးစာ အကျိုးရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။


3. Productivity: Mindset, Environment, and Health

ငွေကြေးချမ်းသာမှုကို တကယ်တည်ဆောက်နိုင်မလား၊ မတည်ဆောက်နိုင်ဘူးလားဆိုတာက သင့်ရဲ့ အချိန်နဲ့ခွန်အားတွေကို ဘယ်လိုအကျိုးရှိရှိအသုံးချလဲဆိုတဲ့ပေါ်မှာမူတည်ပါတယ်။ Productivity Investment တွေဟာ Personal Growth ကိုဖြစ်စေပြီးတော့ သင်တောင့်တတဲ့ Financial Freedom ကို မြန်မြန်ရောက်ရှိနိုင်စေပါတယ်။


Mindset - အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားရှိစေမယ့် အတွေးအခေါ်တွေကို များများတွေးပေးပါ။ 


Environment - သင့်ကို အထောက်အပံ့ပေးနိုင်မယ့် tools, spaces နဲ့ လူတွေရှိမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားပါ။


Health : စိတ်ရော ကိုယ်ရောကျန်းမာနိုင်မှ မိမိရဲ့ productivity ကို ရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အာဟာရပြည့်စေမယ့် အစားစားခြင်း၊ တရားထိုင်ခြင်းတို့က သင့်ရဲ့ ကိုယ်နဲ့စိတ်ကို ကျန်းမာနိုင်စေပြီးတော့ အရာရာမှာ အကောင်းဆုံးလုပ်နိုင်ဖို့သေချာစေပါတယ်။ 


Pro tips - သေးငယ်တဲ့နေ့စဉ်အလေ့အထတွေဖြစ်တဲ့ journaling လုပ်ခြင်းတွေ၊ morning routine လုပ်ခြင်းတွေက သင့်ရဲ့ productivity အပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။ 


4. Relationships: Networking and Reputation

ငွေကြေးချမ်းသာမှုတည်ဆောက်ဖို့အတွက် အခွင့်အရေးတွေဟာ လူတွေကလာကြတာဖြစ်ပါတယ်။ မိမိရဲ့ ဆက်ဆံရေးတွေ (Personal ဖြစ်စေ၊ Professional ဖြစ်စေ) ဆက်ဆံရေးတွေက တကယ်ကို အဖိုးတန်တဲ့ valuable asset တစ်ခုဖြစ်ပါတယ်။ 


Networking - Mentors တွေ၊ ပါတနာတွေ၊ Investors တွေနဲ့ ခိုင်မာတဲ့ network တစ်ခုတည်ဆောက်ပါ။ 


Reputation - သင့်ရဲ့ Personal Brand က လူတွေသင့်အပေါ်ဘယ်လိုမြင်လဲဆိုတာကို မီးမောင်းထိုးပြပေးနိုင်ပါတယ်။ အဲ့ဒီအပေါ်မှာမှ သင့်ဆီလာတဲ့ အခွင့်အလမ်းတွေကိုလည်း အကျိုးသက်ရောက်စေပါတယ်။ 


Pro tip အနေနဲ့ကတော့ industry events တွေကိုတက်ပါ၊ online communities တွေမှာတက်တက်ကြွကြွပါဝင်ပါ၊ သင့်ကွန်ရက်ကိုတိုးချဲ့ဖို့အတွက် စစ်မှန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ပါ။ 


ငွေကြေးချမ်းသာမှုဆိုတာ ဘဏ်အကောင့်ထဲမှာရှိတဲ့ နံပါတ်တွေချည်းပဲမဟုတ်ပါဘူး၊ သင့်မှာရှိနေတဲ့ အရည်အချင်းတွေကိုသုံးပြီး တန်ဖိုးဖန်တီးခြင်းဖြစ်ပါတယ်။ Financial Assets, Education, Productivity နဲ့ Relationships တွေမှာ ရင်းနှီးမြှုပ်နှံခြင်းကနေငွေကြေးချမ်းသာမှုတင်မကပဲ စိတ်ချမ်းသာစရာကောင်းပြီး ပြည့်စုံတဲ့ ဟန်ချက်ညီတဲ့ ဘဝတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ 


ငွေကြေးချမ်းသာမှုဆိုတာ မာရသွန်တစ်ခုမဟုတ်တဲ့အတွက် နည်းစနစ်တကျနဲ့ မှန်မှန်ပြုလုပ်သွားဖို့သာလိုအပ်ပါတယ်။ 

 
 
 

Comments


bottom of page