ငွေကြေးစီမံခန့်ခွဲမှုအတွက် ဘတ်ဂျက်ဆွဲခြင်း နည်းလမ်း (၆)မျိုး
- Eduvest
- Jan 2
- 1 min read
ငွေကြေးကိုထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ဖို့ မှန်ကန်တဲ့ ဘတ်ဂျက်ချခြင်းနည်းလမ်းကစတင်ရပါတယ်။ လူတိုင်းရဲ့ ငွေကြေးအခြေအနေက မတူညီတဲ့အတွက် မှန်ကန်တဲ့နည်းလမ်းကိုရွေးချယ်ခြင်းဟာ မိမိရဲ့ငွေကြေးအခြေအနေအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။ ယခုဆောင်းပါးထဲမှာတော့ Eduvest မှ ဘတ်ဂျက်ချခြင်း နည်းလမ်း (၆)မျိုးအကြောင်းနဲ့အတူ မိမိရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ရည်မှန်းချက်အပေါ်မူတည်ပြီး မိမိနဲ့ကိုက်ညီမယ့် နည်းလမ်းကိုရွေးချယ်နိုင်ဖို့ မျှဝေပေးသွားမှာဖြစ်ပ်တယ်။

1. Zero-Based Budgeting: Accountability at Its Best
Zero-based Budgeting နည်းလမ်းမှာဆိုရင်တော့ ကိုယ့်မှာရှိတဲ့ တစ်ဒေါ်လာတိုင်းကို ချွေတာရတာဖြစ်ပါတယ်။ ဘေဆောင်တာပဲဖြစ်ဖြစ်၊ ငွေစုဆောင်းထားတာပဲဖြစ်ဖြစ်၊ နေ့စဉ်အသုံးစရိတ်တွေကို သုံးစွဲတာပဲဖြစ်ဖြစ် ဒီနည်းလမ်းကိုသုံးပြီး တစ်ပြားတစ်ချပ်မှမလေလွင့်ရစေအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပထမဆုံး ကိုယ့်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်ကို စပြီးတွက်ချက်ပါ ပြီးရင် zero ဖြစ်သွားတဲ့အထိ သူ့နေရာ၊ သူ့အသုံးစရိတ်နဲ့အတူ ခွဲတမ်းချပါ။ ဒီနည်းလမ်းက ကိုယ့်ရဲ့ဝင်ငွေ၊ ထွက်ငွေတိုင်းကို ခြေရာခံလိုသူတွေအတွက်သင့်တော်ပါလိမ့်မယ်။
2. The 50/30/20 Rule: A Balanced Approach
50/30/20 နည်းလမ်းမှာတော့ မိမိဝင်ငွေတွေကို အမျိုးအစား (၃)ခုအောက်မှာခွဲဝေနိုင်ပါတယ်။
အိမ်၊ အစားအစာနဲ့ သွားလာလှုပ်ရှားခလို မဖြစ်မနေလိုအပ်တဲ့ Needs တွေအတွက် 50% သတ်မှတ်ပါတယ်။
အပြင်ထွက်စားတာ၊ ဖျော်ဖြေရေးနဲ့ ဝါသနာပါတာတွေလုပ်ဖို့အတွက် 30% သတ်မှတ်ပါတယ်။
အကြွေးရှိရင်ဆပ်ဖို့နဲ့ ငွေစုဆောင်းဖို့အတွက်ကိုတော့ 30% သတ်မှတ်ပါတယ်။
ဒီနည်းလမ်းက ဘတ်ဂျက်ချခြင်းကို ရိုးရှင်းလွယ်ကူစေပြီးတော့ Beginner တွေအတွက်အထူးသင့်တော်ပါတယ်။
3. The Envelope System: A Cash-Only Discipline
အသုံးအစွဲများတဲ့သူတွေအတွက်၊ လက်တွေ့ကျတဲ့ဖြေရှင်းချက်ကတော့ The Envelope System ပဲဖြစ်ပါတယ်။ ပထမဆုံး ကိုယ်သုံးစွဲမယ့်ပမာဏအလိုက် ငွေသားထုတ်ယူထားပါ (ဥပမာ - စျေးဝယ်တာ၊ အသုံးအဆောင်) ပြီးရင်တော့ စာအိတ်ထဲထည့်ပြီး သက်ဆိုင်ရာ label တွေပေးထားပါ။ စာအိတ်ထဲမှာရှိတဲ့ ငွေပမာဏကိုပဲသုံးပါ။ ငွေသားတွေကုန်သွားပြီဆိုရင် အဲ့ဒီ category ကိုမသုံးပဲနေပါ။ ဒီနည်းလမ်းက ငွေစည်းကမ်းရှိစေပြီးတော့ မိမိ limit ထက်ပိုမသုံးမိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။
4. Pay-Yourself-First: Prioritize Savings
ဒီနည်းလမ်းကတော့ သမားရိုးကျဘတ်ဂျက်ချခြင်းနည်းတွေနဲ့မတူပဲ ငွေစုဖို့ကို အဓိကဦးစားပေးတဲ့နည်းဖြစ်ပါတယ်။ မိမိဝင်ငွေထဲက သတ်သတ်မှတ်မှတ်ပမာဏတစ်ခု သို့ ရာခိုင်နှုန်းတစ်ခုကိုငွေစုဖို့ သို့ ရင်းနှီးမြှုပ်နှံဖို့ အရင်ဖယ်ထားပါ။ ပြီးမှ ကျန်တဲ့ အသုံးစားရိတ်ကိုသုံးပါ။ ငွေစုခြင်းကို ဦးစားပေးတာက မိမိငွေကြေးအခြေခံကို ခိုင်မာစေပြီး ရေရှည်လုံခြုံမှုကိုလည်းပေးနိုင်ပါတယ်။
5. Line-Item Budgeting: Detailed and Precise
ဒီနည်းလမ်းမှာတော့ ကိုယ့်ရဲ့အသုံးစားရိတ်တွေကို သူ့ရဲ့ သီးသန့် category အလိုက်ထားပြီး တစ်ကျပ်ကအစ လိုက်ခြေရာခံရတာဖြစ်ပါတယ်။ ဒီနည်းလမ်းကနေ မိမိရဲ့ ငွေသုံးစွဲတဲ့ အလေ့အကျင့်ကိုသိန်ိုင်ပြီး လျှော့သုံးရမယ့်နယ်ပယ်တွေကိုလည်း ထင်သာမြင်သာသိနိုင်ပါတယ်။ အားထုတ်မှုလိုအပ်တယ်ဆိုပေမယ့် ပြန်ရရှိလာမယ့် ရလဒ်ကတော့ တကယ်အဖိုးတန်ပါတယ်။
6. Activity-Based Budgeting: Goal-Oriented Planning
ကိုယ်က ရည်ရွယ်ချက်တစ်ခုခုရှိလို့ (ဥပမာ- ခရီးထွက်ချင်လို့) ငွေစုနေတာဆိုရင် Activity-based Budgeting နည်းလမ်းကအသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်နဲ့ကိုက်ပြီး ငွေကိုခွဲခြမ်းစိတ်ဖြာကာ progress ကိုပုံမှန်ခြေရာခံရပါမယ်။ ဒီနည်းလမ်းက သင့်ရဲ့ ငွေစုရတဲ့ ရည်မှန်းချက်ပြည့်ဖို့ ကူညီပေးနိုင်ပါတယ်။
Conclusion: Finding the Right Fit
ဘတ်ဂျက်ချခြင်းနည်းလမ်းတစ်ခုဆီမှာတော့ သူ့ရဲ့ ကိုယ်ပိုင်အားသာချက်တွေရှိပြီး မတူညီတဲ့လူအမျိုးမျိုးအတွက် ကိုက်ညီစေပါတယ်။ သင်က အချက်အလက်ကျကျစီစဉ်တတ်သူပဲဖြစ်ဖြစ်၊ ရိုးရိုးရှင်းရှင်းပြုလုပ်လိုသူပဲဖြစ်ဖြစ် သင့်နဲ့ကိုက်ညီမယ့် နည်းလမ်းတစ်ခုတော့ အမြဲရှိပါတယ်။ မတူညီတဲ့ နည်းလမ်းတွေကိုသုံးကြည့်ပြီး မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့်နည်းလမ်းကိုရှာဖို့ အကြံပေးချင်ပါတယ်။
ဆောင်းပါးကိုအဆုံးထိဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။
Ready to start budgeting? Your financial goals are closer than you think!
Comments